မံစီ စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကိုလေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတရသစာအုပ် စာစောင်များနှင့် လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး၊ ကလေးသူငယ် အလုပ်သမား ပပျောက်ရေး အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအသိပညာပေး၊ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များ စိတ်ဝင်တစား လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)