ညောင်ရွှေ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လာမည့်(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကာလနှင့် အကြိုကာလ၌ အငြင်းပွားမှုတစ်စုံ တစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မောင်က အမှာစကား ပြောကြားပြီး မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကျော်ထွန်းအေးက စေ့စပ်ညှိနှိုင်း ရေးကော်မတီ၏ ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် အစည်းအဝေးတက်ရောက်လာသည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်ဝေမာအောင် နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းက ရွေးကောက်ပွဲဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်း ချက်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ