ပင်လောင်း စက်တင်ဘာ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး VDP စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု၊ တင်းထက်(အရှေ့)ကျေးရွာအတွင်း အခြေခံလွှာဖြစ်သည့် ကျောက်စီခြင်းလုပ်ငန်းနှင့် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာလမ်းသည် အရှည်ပေ (၁၂၀၀)ပေရှိပြီး အကျယ်(၁၂)ပေ ကွန်ကရစ်ထု(၆)လက်မဖြင့် ခင်းကျင်းဆောင်ရွက်မည်ဖြစ်ပြီး၊ ပြည်နယ်ရန်ပုံငွေ ထောက်ပံ့ငွေကျပ် (၁၀)သန်းနှင့် ပြည်သူလူထု ပူးပေါင်း ထည့်ဝင်ငွေကျပ်(၆.၁၇)သန်း စုစုပေါင်းငွေကျပ်(၁၆.၁၇)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွန်းပြည့်မီပြီး သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)