ဆီဆိုင် စက်တင်ဘာ ၁၅
ပြည်သူများအကြား Mask တပ်ဆင်သွားလာရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ဆီဆိုင်မြို့၌ ယမန်နေ့ နံနက် ၇ နာရီခန့်က နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးရာတွင် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်နှင့် အဖွဲ့ဝင်များတို့က တောင်ကြီး - ဆီဆိုင် - လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့၊ မြို့မဈေးရှေ့၊ ဈေး အဝင်ပေါက်နှင့် ယာယီပျံကျဈေးတို့တွင် Mask (၆၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများကို စက်တင်ဘာ ၅ ရက်နေ့မှ စတင်ဝေငှပေးခဲ့ရာ ယနေ့အထိ နှာခေါင်းစည်း ၁၁,၆၀၀ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း အောင်ချမ်းသာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်ထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)