ညောင်ရွှေ စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်နစ်နာခဲ့သည့် ငါးမွေးမြူရေးတောင်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် အရ ရှမ်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ညောင်ရွှေမြို့နယ် အတွင်းရှိ ထောက်ပံ့ပေးအပ်ရန် ကျန်ရှိနေသေး သည့် ငါးမွေးတောင်သူများအား ၎င်းတို့၏ နေရာအရောက် ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးဌာနမှူး ဦးကျော်သီဟထွေးနှင့် တာဝန်ရှိသူများမှ ညောင်ရွှေမြို့နယ် အတွင်းရှိ ငါးမွေးတောင်သူများ၏ နေရာအရောက် မော်တော်ယာဉ်ဖြင့် သွားရောက်၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယနေ့ပေးအပ်မှုတွင် ညောင်ရွှေမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးတောင်သူ(၂၈)ဦး၏ ငါးမွေးမြူရေး ဧကစုစုပေါင်း (၁၇၅.၁၁) ဧကအတွက် ငါးမြစ်ချင်းသားပေါက်၊ ငါးခုံးမသားပေါက်၊ ရွှေဝါငါး ကြင်းသားပေါက်၊ မြက်စားငါးကြင်း သားပေါက် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃၅၀၂၂၀) ကောင်အား ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ