စင်တာဂျပန် ဘာသာစကားပြောသင်တန်းကျောင်းမှ နှာခေါင်းစည်း(Mask) အခုရေ(၁၀၀၀၀) ပြည်သူများအား အခမဲ့ပေး‌ဝေ

မန္တလေး၊ စက်တင်ဘာ ၁၄

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရသည့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask) အခုရေ(၁၀၀၀၀) အခမဲ့ပေးဝေခြင်းကို ယမန်နေ့ညနေ ၅နာရီက အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉ လမ်းနှင့် ၈၆ လမ်းဆုံ မီးပွိုင့်၌ ပြုလုပ်ကြသည်။
နှာခေါင်းစည်း (Mask)များ အခမဲ့ပေးဝေခြင်းကို ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၈၉ လမ်း၊ ၂၆ လမ်းနှင့် ၂၇လမ်းကြားရှိ စင်တာဂျပန်ဘာသာစကားပြောသင်တန်းကျောင်းမှ ဆရာဦးသိန်းဆွေဦး‌ဆောင်၍ ကျောင်းသား၊‌ ကျောင်းသူများစုပေါင်း၍ တတိယအကြိမ်မြောက်အဖြစ် နှာခေါင်းစည်း (Mask) အခုရေ (၁၀၀၀၀) ကို အခမဲ့ပေးဝေကြခြင်းဖြစ်ကြောင်း သိရသည်။ 
ဇော်လင်းဦး(အောင်စံ)