ချောင်းဆုံမြို့နယ် တောင်စွန်းကျေးရွာပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက်ဌာနဆိုင်ရာများမှ ကျေးရွာအရောက် တွေ့ဆုံဆွေးနွေး

ချောင်းဆုံ စက်တင်ဘာ ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ  (၈)ရက်က၊ တောင်စွန်းကျေးရွာ (အ.မ.က) မူလွန်ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ကွင်းဆင်း တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ကဏ္ဍခြိုးခြံချွေတာသုံးစွဲရေး လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်ရေး၊ လမ်းတံတားကဏ္ဍတိုးတက်ကောင်းမွန်စေရေး၊ သောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်း ပျက်စီးပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း မွေး/ ကုဌာနမှတိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်အဆိုပါအဖွဲ့သည် မြို့နယ်အတွင်းရှိ အခြားကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်

ချောင်းဆုံ(ပြန်/ဆက်)