တောင်ဥက္ကလာပ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ် ပြည့်သူ့ ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက် ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ် (၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ် အတွင်းရှိ ရပ်ကွက်များမှ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်ထိ ကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေး များကို ထိုးနှံတိုက်ကျွေးပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက် ပေါင်း(၁၃)ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက အပတ်စဉ် ကြာသပတေးနေ့တိုင်း စဉ်ဆက်မပြတ် စနစ်တကျဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)