ဝမ်းတွင်း စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Maskများဝေငှခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေး Mask များကို စနစ်တကျတပ်ကြရန် ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို အလေးထားလိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အကြိမ်ပြည့် မှီအောင်ထိုးနှံပေးကြရန် စသည်များကို အသိပညာပေးပြောကြား ခဲ့ကြောင်းသိရသည်။ အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask ဝေငှခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လုံခြုံရေး တပ်မ တော်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သဲတော-ဝမ်းတွင်း လမ်းမကြီးပေါ်ရှိ သွားလာနေကြသော မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်ပေါ်ရှိ ခရီးသွားပြည်သူများအား Mask များ အခမဲ့ ဝေငှပေးခဲ့ ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)