ပင်းတယမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ် အဆင့်ဌာနဆိုင်ရများ နည်လှည့်ကွင်းဆင်းဆောင်ရွက်

ပင်းတယ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံ ကျေးလက်နေပြည်သူများ၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ယနေ့နံနက် (၁၀)နာရီအချိန်က သရက်ကုန်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ ဘုန်းတော်  ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့် အမှာစကားများ ပြောကြားရာတွင် မိမိတို့ ကျေးရွာရှိ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေး၊ ရေရရှိရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသား စီစစ်ရေးကတ် ကိုင်ဆောင်ခွင့်ရရှိရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေး နေမှုအခြေအနေများကို   ပြည်သူများ သိရှိနားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြား ပေးခဲ့သည်။

ဆက်လက်၍ လိုက်ပါလာကြသည့် ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဌာနအလိုက်ရှင်း လင်းဆွေးနွေး​ကြသည်။ ထို့နောက် တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ ကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)