နမ္မတူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

နမ္မတူ စက်တင်ဘာ ၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၉)အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အားလပ်ချိန်တွင် အကျိုးရှိအကျိုးပြုနိုင်သော စာအုပ်စာပေကောင်းများ လေ့လာဖတ်ရှုနိုင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတအသိပညာတိုးပွားစေရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုနိုင်စေရေးရည်ရွယ်၍  ယခင်ငှားရမ်းထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး သုတရသစာအုပ်များအား အသစ်ပြန်လည်လဲလှယ်၍ အခမဲ့ငှားရမ်း ပေးခဲ့သည်။

ထိုသို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများသိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊ စာပေဖတ်ရှုမှု ပိုမိုတိုးတက်မြင့်မားလာစေရန်၊ အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလို ဌာနဆိုင်ရာများ၊ အခြေခံပညာစာသင်ကျောင်းများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော်(ပြန်/ဆက်)