လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကစင်ကျေးရွာနှင့် စျေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ   ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက် (၇)နာရီက ကစင်ကျေးရွာနှင့် စျေးတို့တွင် ကျန်းမာရေးအသိပညာပေး Mask Campaign ပြုလုပ်ဆောင်ရွက်သည်။

Mask Campaign ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ်လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့်  ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများကလဲ Mask တပ်ဆင်ပြီးမှ ဝယ်ယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားလာကြရန် အသိပညာပေး တိုက်တွန်းပြောကြားပြီး နှာခေါင်စည်း တပ်ဆင်လာခြင်းမရှိသော ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ပေးပြီး အခမဲ့ဖြန့်ဝေလျက် ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Mask Campaign အခမဲ့ဝေငှခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Mask Campaign ပြုလုပ်ဆောင်ရွက်ကြောင်း  သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)