သီပေါမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

သီပေါ စက်တင်ဘာ ၈

မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာစေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီက    ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆပ်ပြာဆီ ဖော်စပ်မည့် ပစ္စည်းများ၏ အကျိုးအာနိသင်နှင့် ဆိုးကျိုးများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်ပုံ၊ ပြုလုပ်နည်း အဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသားများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ ကိုယ်တိုင်ပါဝင် လက်တွေ့ပြုလုပ်ဆောင်ရွက်ကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ သင်တန်းသား(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Clubအသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်ဆက်)