မိုင်းယောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

မိုင်းယောင်း စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက အခြေခံပညာ ကျောင်းများသို့ သုတ၊ ရသစာအုပ်များ အခမဲ့ ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာနိုင်သည့် ပြည်သူများ၊ ဌာနဆိုင်ရာများ၊ စာဖတ်ပရိသတ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများက သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်/စာစောင် စသည့် စာအုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း