ပင်လုံ စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပရခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး၊ စာဖတ်ခြင်းဖြင့် အဆိုးအကောင်း အကျိုးအကြောင်း ဝေဖန်ပိုင်းခြားတတ်ကြောင်း၊ မိမိဘဝတိုးတက်အောင် ပဲ့ပြင်ဆုံးမ လမ်းပြကောင်းတစ်ခုဖြစ်တဲ့ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများစွာ ရရှိစေနိုင်ကြောင်း ကျောင်းသား၊ လူငယ်များ အားအသိပညာပေးအကြောင်းအရာများ ဟောပြောခဲ့ပါသည်။ ယင်းနောက် ကျောင်းသားလူငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ပေးပြီး အမှတ်တရလက်ဆောင်များချီးမြှင့်ကာ အသိပညာပေး နံရံကပ်စာစောင်များဖြစ်သည့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နံရံကပ်စာစောင်များအား ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ ကျောင်းသားလူငယ်များ (၁၅)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)