တောင်ကုတ် စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပလဝါကျေးရွာ အုပ်စု၊ တပ်ရွာကျေးရွာနေ ဦးမျိုးမြင့်အောင်နှင့်ဒေါ်ဌေးဌေးမြင့် တို့မှမွေးဖွားသော(၃)မွှာပူးကလေးငယ်များသို့ ထောက်ပံ့ငွေအပ်ခြင်းကို ယမန်နေ့ မွန်းလွဲက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေတင့်က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသော အသက်(၂) နှစ်အထိကလေးငယ်များအား တစ်လလျှင် (၁၅၀၀ဝိ)ကျပ်ဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့လျက်ရှိပါကြောင်း၊ ထို့ပြင်အသက်(၈၅)နှစ်ပြည့်ပြီးဖြစ်သည့် အဘိုးအဘွားများအနေဖြင့်လည်း လူမှုရေးပင်စင်များလျှောက် ထားနိုင်ကြောင်းနှင့်၊ အသက်(၁၈)နှစ်အောက် ကလေးသူငယ်အခွင့်အရေးကိစ္စများ၊ အိမ်တွင်းအကြမ်းဖက်မှုများဖြစ်ပေါ်ပါက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်းပြောကြားပြီး နောက် (၃)မွှာပူး ကလေးငယ်များသို့ ထောက်ပံ့ငွေကျပ်-၅၀၀၀၀ဝိ/-ကိုပေးအပ်ရာ ဦးမျိုးမြင့်အောင်နှင့်ဒေါ်ဌေးဌေးမြင့်တို့မှ လက်ခံရယူသည်။
ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် (၃)မွှာပူးမွှေးဖွားသည့် ကလေးငယ်များအတွက် ထောက်ပံ့ငွေပေးခြင်းကို ယခင်(၂၀၂၀)ခုနှစ်က ဆားပြင်ကျေးရွာမှ (၃)မွှာပူး မွေးဖွားသည့် ကလေးများသို့လည်းအလားတူ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)