လဲချားမြို့နယ် ကျေးရွာအုပ်စု(၃)အုပ်စုရှိ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ဆောင်ရွက်

လဲချား စက်တင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ဝမ်လေကျေးရွာ၊ ဝမ်ထီကျေးရွာနှင့် တက်မောက်ကျေးရွာအုပ်စုတို့ရှိ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ရဲထွန်းဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိဒေါ်ဇင်နွယ်ဌေးတို့မှ ဝမ်လေကျေးရွာ၊ ဝမ်ထီကျေးရွာနှင့်တက်မောက်ကျေးရွာအုပ်စုတို့ရှိ အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရန် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ လဲချားမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ဆောင်ရွက်ရာတွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုတို့ ဆောင်ရွက်ခဲ့ပြီးကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)