ကော့မှူး စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃နာရီက ကျန်းမာရေးစစ်ကြောင်းအနေဖြင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းဌေးအဖွဲ့ဝင်များက မြို့သစ်ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး