အလုံမြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စစ်ကြောင်း (၅)ကြောင်းဖြင့် ဖွဲ့စည်းတာဝန်ပေးထားသော အဖွဲ့များအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးစစ်ကြောင်းမှ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အ-ထ-က() အလုံတွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်း၊ ကုသခြင်း၊ နည်းမှန် စနစ်မှန်သွား တိုက်နည်းလေ့ကျင့် သင်ကြားပေးခြင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး စစ်ဆေးခြင်းများကို ကျန်းမာရေး စစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အဖွဲ့ဝင် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်တင်ချို (ပြန်/ဆက်)