တံတားဦးမြို့တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌  မိုးစပါး (၁၄၅၇၅) ဧက ကျော်စိုက်ပျိုးရန်လျာထား

တံတားဦး စက်တင်ဘာ ၇

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးကို (၁၄၅၇၅) ဧကစိုက်ပျိုးရန် လျာထားကြောင်း တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေကန်ရေမရသည့် ဒေသများတွင် မိုးကောင်းရေ သောက်စနစ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့စိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင် စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး၊ စိုက်ပျိုးရာတွင် လည်း ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးများဖြစ်သည့် မနောသုခ ၊ ဆင်းသုခ ၊ ဧရာမင်း အစရှိသည့် မျိုးစပါးများနှင့်  ဒေသမျိုး စပါးများကို  အဓိကထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် မိုးစပါးကို ဆည်ရေ၊ ကန်ရေသောက်စနစ်နှင့် မိုးကောင်းရေသောက် စနစ်တို့ဖြင့် တံတားဦးမြို့တွင် မိုးစပါးကို (၁၄၅၇၅)ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုး ရေးဦးစီးအရာရှိ ဦးစိုးမင်းနိုင် ထံမှသိရသည်။

ယခုနှစ်တွင် မိုးစပါးများကို ၂၀၂၂-ခုနှစ် ဇူလိုင်လမှ စတင်၍  စိုက်ပျိုးလျက်ရှိရာ ဩဂုတ်(၁၅)ရက်နေ့အထိ (၈၄၄၁)ဧကစိစုက်ပျိုးနိုင်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် (၅၇.၉၁)ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှသိရသည်။

ရဲတင့်