လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ လိုက်လံကြည့်ရှုအားပေး

လားရှိုး စက်တင်ဘာ ၇

ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာအသစ်တွေ့ရှိမှု မြှင့်တက်လာခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း SARA-COV-2 Variant Omicron (အိုမီခရွန်) BA-4၊ BA-5 ရောဂါပိုးများ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေခြင်းတို့ကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ကာကွယ်ဆေးထိုးနှံပေးနေမှုအား ယနေ့ နံနက်(၁၀)နာရီ အချိန်က ခရိုင်စီမံအုပ်ချုပ်​ရေး အဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးဇော်လင်းထွန်းနှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူး ဇော်လင်းထွန်းနှင့်အဖွဲ့က အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်အောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Second Dose ထိုးနှံရန်ကျန်ရှိသော ကျောင်းသား/ ကျောင်းသူများ၊ Booster Dose ထိုးနှံနေမှုများအားလည်းကောင်း၊ လားရှိုးပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထိုးနှံရန်ကျန်ရှိသူများနှင့် Booster Dose ထိုးနှံရန် ကျန်ရှိသော ဒေသခံပြည်သူများ ကာကွယ်ဆေးထိုးနှံနေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေသော မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးနှံနေသော ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး