မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

မိုင်းယောင်း စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့သို့ သုတ၊ ရသစာအုပ်များ အခမဲ့ ငှားရမ်းခြင်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာနိုင်သည့် ပြည်သူများ၊ ဌာနဆိုင်ရာများ၊ စာဖတ်ပရိသတ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများက သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်/စာစောင် စသည့် စာအုပ်ပေါင်း ၈၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း