ကမာရွတ်မြို့နယ်၌ စာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ် အသိပညာပေး Tallk Show ကျင်းပပြုလုပ်

ကမာရွတ် စက်တင်ဘာ ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ​​​ယ​နေ့နံနက်ပိုင်းက  စက်တင်ဘာ(၈)ရက်​နေ့တွင် ကျ​ရောက်မည့် နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ်အဖြစ် စာတတ်​မြောက်​ရေး​နေ့ အသိပညာပေး Talk  Show ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး  Talk  Show  တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံတကာ စာတတ်​မြောက်​ရေးဖြစ်​ပေါ်လာပုံ၊ မြန်မာနိုင်ငံ၌လည်း စာတတ်​မြောကွ​ရေးနှင့် ပတ်သက်ပြီး ​ဆောင်ရွက်ပုံများ၊ စာတတ်​မြောက်ခြင်းခြင်းဖြင့် ရရှိသည့် အကျိုးအ​ကြောင်းများကို အသိပညာ ဗဟုသုတရရှိစေရန်အတွက်​ မေးမြန်းခဲ့ရာ စာရေးဆရာမ ပေါက်​ပေါက်က မြန်မာနိုင်ငံတွင် စာတတ်​မြောက်​ရေးလှုပ်ရှားမှုများကို​ ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ပုံများ၊ စာတတ်​မြောက်​ရေးလှုပ်ရှားမှုများ ​ ​ဆောင်ရွက်နိုင်​သော အကျိုးကျေးဇူးများ​ကြောင့် နိုင်ငံဖွံဖြိုး​ရေးအတွက်များစွာ အထောက်အကူဖြစ်​ကြောင်း၊ စာ​ပေသည် အသိညဏ်မီးရှူးတန်​ဆောင်ဖြစ်သည် အမှား၊ အမှန်ခွဲခြား​ ဘေးဘယာ​ဝေးကွာ​စေသည့် ဆင်ခြင်တုံတရားများ၊ ကျန်းမာ​ရေးအသိပညာများ ရှိလာ​စေမည့် စာဖတ်ခြင်း၊ ဗဟုသုတ ရှာမှီးခြင်းတို့ကို အစဉ်အမြဲ ​လေ့လာဆည်းပူး​နေကြရမည်ဖြစ်​ကြောင်းကို စာတတ်​သောပြည်သူများ အသိပညာပေး​ခဲ့​ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)