ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆင်းရဲနွမ်းပါး ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့

ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)မှ ဦးဆောင်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ အမှတ်(၁၆၈) ရပ်ကွက်တွင် စာရင်းကောက်ယူထားသော လက်လုပ်လက်စား အိမ်ထောင်စုများထံသို့ ယနေ့နံနက် (၉:၀၀) နာရီမှ စတင်၍ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန်ရိက္ခာများ ဖြန့်ဝေပေးရာတွင် အမှတ်(၁၆၈)ရပ်ကွက်၊ ကမ္ဘာအေးဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု(၆၂၃)စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စု(၆၂၃)စု၊ အ.မ.က(၇)ကျောင်းရှေ့တွင် အိမ်ထောင်စု(၆၂၃)စု၊ စုစုပေါင်းအိမ်ထောင်စု (၁၈၆၉)စုအား တစ်အိမ်ထောင်လျှင် (၂၅)ပြည်ပါ ကီလို(၅၀)ဂရမ် ဆန်(၁)အိတ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း စာရင်းကောက်ယူထားသော အိမ်ထောင်စုများသို့  အလှည့်ကျစနစ်ဖြင့် ဆန်ရိက္ခာများ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)