ဒဂုံအရှေ့ စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ/ရသစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကလေးများ စိတ်ဝင်စာမည့်ရုပ်ပြစာအုပ်များကို ငှားရမ်းပေးခဲ့ပြီး Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာဒေသနေ ပြည်သူ့များထံသို့ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)