ရန်ကင်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ရန်ကင်း စက်တင်ဘာ ၆

သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၄:၀၀ နာရီက မြု့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်မှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ရန်၊ ရန်ကင်းမြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့လုပ်ငန်းများအား  သတိဝီရိယရှိစွာဖြင့် လုံခြုံရေး အသိ၊ သတိဖြင့်လုပ်ကိုင် ဆောင်ရွက်ကြရန်၊  ကျန်းမာရေးကဏ္ဍအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့်  ကျောင်းများသန့်ရှင်း သာယာလှပရေးအတွက် အလေးထားဆောင်ရွက်ရန်တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှလည်း မိမိတို့၏  ဌာနဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)