ငါ့သရောက်မြို့ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှု တိုးတက်စေရန် (Mobile Library) စနစ်ဖြင့် ငှားရမ်းပေး

ငါ့သရောက် စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ (က.ထ.က.) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှု တိုးတက်စေရန်ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီက ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library) စနစ်ဖြင့် သွားရောက်ကာ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ (Mobile Library) စနစ်ဖြင့် အခမဲ့ငှားရမ်းရခြင်းမှာ စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိနေသာ ကျောင်းသား၊ကျောင်းသူများ စာ​ပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်သူတိုးပွားလာစေရန် ရည်ရွယ်၍ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library  စနစ်ဖြင့် စာအုပ်၊ စာစောင်များကို  အခမဲ့ငှားရမ်းပေးနေခြင်းဖြစ်သည်။  Mobile Library  စနစ်ဖြင့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြကာတွန်းအပါဝင် စာအုပ်မျိုးစုံကို လာရောက်ငှားရမ်းသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်များကို (၄) ရက်မှ (၆) ရက်အထိ အခမဲ့ငှါးရမ်းကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့အပြင် မြို့ရုံး စာကြည့်တိုက်တွင်လည်း အသင်းဝင်လျှောက်ထားပြီး စာအုပ်၊ စာစောင်များကို အခမဲ့လာရောက် ငှားရမ်းကြည့်ရှုနိုင်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

ထို့သို့ (Mobile Library) စနစ်ဖြင့် သွားရောက်ကာ ငှားရမ်းခြင်းဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသော ကျောင်း သား၊ ကျောင်းသူများအနေဖြင့် စာပေနှင့် ဝေးကွာခြင်းမရှိဘဲ အဆင်ပြေစေရန်နှင့် အချိန်ကုန်သက်သာပြီး စာပေများဖတ်ရှုစေရန်ရည်ရွယ်ပြီး ဆောငးရွက်ခဲ့ကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)