ရသေ့တောင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharn) ထိုးနှံပေး

ရသေ့တောင် စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ယမန်နေ့နံနက် (၁၀)နာရီ က မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်း ကျောင်းသား/ သူ (၂၈၀၃၄)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် အသက် ၁၂ နှစ်အထက် ကျန်ရှိနေသော ကျောင်းသား/ သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့်ဆရာ၊ ဆရာမတို့က ကျောင်းသား/သူများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင်  အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်သည့်နေရာများ၌ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)