နမ့်စန်မြို့ အထက(ဟိုက်ဖတ်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နမ့်စန်() စက်တင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဆောင်ရွက်သည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲ က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က ကျောင်းသား/ကျောင်းသူများကို လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး လူငယ်နှင့်အားကစား၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်စုလှိုင်ဝင်းနှင့် ဝန်ထမ်းများက အထက(ဟိုက်ဖတ်)ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခဲ့ပြီး စာဖတ်ဝိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)