ကာလိ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် အခြေခံပညာအလယ်တန်း၊ ဟိုပန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းတို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်မှုတွင် ကျောင်းသား/ သူများအား စာဖတ်ခြင်းမှ ရရှိနိုင်သည့်အကျိုးကျေးဇူးများ အစရှိသည့် အသိပညာဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ဟောပြောပေးပြီး ကျောင်းသား/သူများ ကြိုက်နှစ်သက်သည့် ပုံပြင်စာအုပ်များ၊ ကဗျာစာအုပ်များ၊ စာစီစာကုံးစာအုပ်များနှင့် နည်းပညာဆိုင်ရာစာအုပ်များတို့ကို ဖတ်ရှုစေခြင်းဆောင်ရွက်ပေးကာ မိမိကြိုက်နှစ်သက်သည့်စာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)