ကြည့်မြင်တိုင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကြည့်မြင်တိုင် စက်တင်ဘာ ၆

 ကြည့်မြင်တိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စစ်ကြောင်း(၅)ကြောင်းတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးထားသော အဖွဲ့များအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့ဌာနလုပ်ငန်းများအပြင် ဖွဲ့စည်းတာဝန်ပေးထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် မိမိတာဝန်ကျရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ပါဝင်သည့် စစ်​ကြောင်းအလိုက် ပူး​ပေါင်း​ဆောင်ရွက်ကြရန်၊ ပညာ​ရေး စစ်​ကြောင်းအ​နေဖြင့်လည်း ဆေးထိုးရန်ကျန်သည့် က​လေးများအား ကာကွယ်​ဆေး ထိုးနှံနိုင်​ရေးအတွက် ဆောင်ရွက်ကြရန် စသည်ဖြင့်  ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ စစ်ကြောင်း (၅)ကြောင်းတွင် ပါဝင်ကြသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)