လှိုင် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် လှိုင်မြို့နယ် အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရိပ်သာအတွင်းရှိ ဆို က ရေး တီး ပြိုင်ပွဲဝင်များတည်းခိုမည့် အဆောင်နှင့် နေအိမ်လိုင်းခန်းများကို ခြင်ဆေးဖြန်းခြင်း၊ ရေစည်၊ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကလိုရင်းဆေးရည်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကြိုတင်ကာကွယ်မှု ဆောင်ရွက်ရာတွင် ဌာနမှူး ဒေါက်တာမြင့်သန်းထွန်း ဦးဆောင်၍ လ/ထဌာနမှူး ဒေါက်တာရွှေဘော် ကြီးကြပ်သော လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အဖွဲ့တို့ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ကလိုရင်းဆေးရည်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင်(ပြန်/ဆက်)