တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Myancopharm)ပထမအကြိမ် စတင်ထိုးနှံ

တောင်ဥက္ကလာပ  စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Myancopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၁)အခြေခံပညာအထက်တန်း၊ ကျောင်းစုရပ်၌ စတင်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစိုးညွှန့်ဦး၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ‌အေးအေးမိုး၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်အေးဝင်းတို့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm ထိုးနှံပေးရာ‌ ဆေးတစ်ပုလင်းလျှင် လူ(၅)ဦးထိုးနိုင်ပြီး ယနေ့တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး Myancopharm ထိုးနှံသူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ     ကျောင်းသား၊ ကျောင်းသူတို့အား အမှတ်(၁)အခြေခံ ပညာအထက်တန်းတန်းကျောင်းစုရပ်၌ထိုးနှံပေးခဲ့ပြီး စုစုပေါင်း(၇၃၅)ဦးအား ပထမအကြိမ် စတင်ထိုးနှံ ပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)