မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုဖြင့် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးပေါင်း (၇၀၀,၀၀၀) ခုနှစ်သိန်းစိုက်ထည့်

ပုသိမ်ကြီး စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့နံနက် ၈ နာရီအချိန်က ကျွဲစွန်းဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးခင်မောင်ထွန်း၊ အောင်မြေသာစံခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံဦးဌေးမင်း၊ ပုသိမ်ကြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်ဦးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ သရက်ကုန်းစခန်း တာ၀န်ခံနှင့် နတ်ရေကန်စခန်းတာဝန်ခံ၊ ပုသိမ်ကြီးမြို့နယ်တာဝန်ခံ ဒေါ်သင်းမြမြထွန်းနှင့် ငါးလုပ်ငန်းစခန်းမှ ဝန်ထမ်းများနှင့် ရေလုပ် သားများ တက်ရောက်ကာ ကျွဲစွန်းဆိပ်ကမ်း ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ လေးသိန်းနှင့် ငါးခုံးမကောင်သုံးသိန်း စုစုပေါင်းကောင်ရေ ခုနှစ်သိန်းတို့ကို ဧရာ၀တီမြစ် အတွင်းသို့ စုပေါင်းစိုက်ထည့်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)