တံတား စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် (၂)နှစ်အောက်ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး မွေးကင်စမှအသက်(၂)နှစ်အောက်အထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်း၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးများကို ကလေးငယ်စုစုပေါင်း(၅၈)ဦးအား တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မိခင်များအား ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို တံတားမြို့ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ