ကလောမြို့နယ်၌(၁/၂၀၂၂)အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်လှစ်

ကလော  စက်တင်ဘာ   ၅

မိမိတို့မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသည့်တိုင်းရင်း သားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို မီးဘေးအန္တရာယ်မှတား ဆီးကာကွယ်ရေးနှင့်သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (၁/၂၀၂၂)အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်း က သင်တန်းဖွင့်ပွဲနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဇော် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား တူညီဝတ်စုံများပေးအပ်ခဲ့ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။ အဆိုပါသင်တန်းကို ကလောမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့ကို သင်တန်းကာလမှာ (၅.၉.၂၀၂၂)မှ (၃၀.၉.၂၀၂၂)အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)