နမ့်ဆန်၌ပေါက်ကွဲစေတတ်သောစစ်လက်နက် အကြွင်းအကျန်ပစ္စည်းများဆိုင်ရာအသိပညာပေး

နမ့်ဆန်၊  စက်တင်ဘာ ၅

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန် ပစ္စည်းများဆိုင်ရာ အသိပညာပေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အမက(၄)နှင့်အမက(၅) ကျောင်းတို့၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များ ဆောင်ရန်ရှောင်ရန်အချက်တို့ကို ဟောပြောခဲ့ကြသည်။

ထို့နောက် ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန် ပစ္စည်းများဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ကျောင်းသူများအား ဖြန့်ဝေပေးပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သော လက်သန့်ဆေးရည်၊ နှာခေါင်းစည်းနှင့် လက်အိတ်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)