ရမည်းသင်းမြို့နယ်အတွင်း အသက်(၁၂)နှစ်(၁၇)နှစ်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Boosterd  Dose)ထိုးနှံပေး

ရမည်းသင်း   စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသောအသက်(၁၂)နှစ်မှ အသက်(၁၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ   ကြိုတင်ကာကွယ် နိုင်ရန် အတွက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster Dose)ထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီခွဲက ရမည်းသင်းမြို့အမှတ် (၁)အခြေ ခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် အသက်(၁၂)နှစ်မှ(၁၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျစာရင်းရေးသွင်းပေးပြီး ကိုဗစ်ကာကွယ်ဆေး (Sinovac  Dose) ဆေးထိုးနှံပေးကြခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော်နှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများကထိုးနှံပေးလျက်ရှိရာ ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထိုးနှံပြီးကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၄၂)ကျောင်းရှိပြီး အသက်(၁၂)နှစ်မှ (၁၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၉၃၄၈)အား သက်ဆိုင်ရာကျောင်းများအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)