(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်ပန်းတောင်း စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားနယ်မြေရဲစခန်းမှ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ ယနေ့နံနက် (၈) နာရီခွဲက လက်ပံပျားကျေးရွာ မနောယမဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်း၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူ၍  ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျား ကျေးရွာ နယ်မြေရဲစခန်းမှ ရဲအုပ်မျိုးနိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်အားအား (၂+၁၃) စုစုပေါင်း(၁၅)ဦးဖြင့် လက်ပံပျားကျေးရွာရှိ ဆရာတော်ဘဒ္ဒန္တခေမိန္ဒ ကျောင်းထိုင်သည့် မနောယမဘုန်းတော်ကြီးကျောင်းဝန်း အတွင်း/အပြင်ရှိ ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မီးရှို့ခြင်းများနှင့် ဘုရားစေတီများ ရေသပ္ပယ်ခြင်းများကို တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များဖြင့် နံနက် (၁၀) နာရီအထိ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)