တောင်ကြီး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ခရီးသွားပြည်သူများ၊ဒေသခံပြည်သူများ၊ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း က ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ဟိုပုံးတိုးဂိတ်သို့ မြို့နယ် Coronavirus Disease 2019 (COVID-19)ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီ ဝင်များ က ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
မြို့နယ် Coronavirus Disease 2019 COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် နှင့် ကော်မတီဝင်များ သည် ပူးပေါင်း ကျန်းမာရေး စစ်ဆေး သည့် ဂိတ်တွင် တာဝန်ကျ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများမှ အဝေးပြေးယာဉ်လိုင်းများ၊ အိမ်စီးယာဉ်ငယ်များ၊ မော်တော် ဆိုင်ကယ် များဖြင့် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နှင့် လက်ကိုမကြာခဏ သန့်ရှင်း စင်ကြယ်စွာဆေးကြောရန် အစရှိသည့် ကျန်းမာရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း MASK တပ်ဆင်ခြင်း မရှိပါက တပ်ဆင်စေခြင်း၊ပြည်နယ် ပြင်ပမှ ပြည်နယ်အတွင်းဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား ခရီးသွား ပြည်သူများအားခရီးသွား ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်းစသည့် လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ နေ့စဉ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန် မှာကြား ခဲ့ကြောင်းသိရသည်။
ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်ရေးအတွက်ကြပ်မတ်ဆောင်ရွက်ရန် ထူခြားမှုများရှိပါကအချိန်နှင့် တစ်ပြေး ညီ တင်ပြကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)