ညောင်ဦး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းနှင့်ညောင်ဦးမြို့များတွင် BNU Family Group မှ နှာခေါင်းစည်း Mask များလိုက်လံပေဝေခြင်းအား ယနေ့နံနက် ၈နာရီအချိန်မှ စတင်ကာ နေရာ(၇)နှစ် နေရာရာတွင် လိုက်လံပေးဝေခဲ့ကြောင်း BNU Family Group မှ ဦးဖြိုးသီဟကပြောကြားသည်။
BNU Family Group မှ နှာခေါင်းစည်း Mask များလိုက်လံပေးဝေခြင်းအား ပုဂံရှေးဟောင်းယဉ်ကျေမှုနယ်မြေ မုဒ်ဦးရှေ့တွင် လည်းကောင်း၊ မြင်းကပါရွာ မနုဟာဘုရားကြီး ရှေ့တွင်လည်းကောင်း၊ ညောင်ဦးမြို့ ဆုတောင်းပြည့်ပွဲခင်းရှေ့တွင်လည်းကောင်း၊ ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင်လည်းကောင်း၊ ပုဂံမြို့သစ်ဈေး ရှေ့နှင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့၊ ထွန်း ယွန်းဆိုင်ရှေ့တွင်လည်းကောင်း၊ သာယာဝတီမီးပွိုင့်နှင့် မဏိစည်သူဈေးတို့တွင် နှာခေါင်းစည်း Mask များအား လမ်းသွား လမ်းလာပြည်သူများအား သွားသည့်နေရာတိုင်း Mask များတပ်ဆင်စေရေးနှင့် ကားပေါ်ပါပြည်သူများ၊ သုံးဘီးဆိုင်ကယ် ၊မော်တော်ဆိုင်ကယ် စီးသူများအား Mask များပေးဝေခဲ့ကြောင်း ဦးဖြိုးသီဟကပြောကြားသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် သို့လာရောက်ကြသည့် ဈေးရောင်းဈေးဝယ်များနှင့်လမ်းသွားလမ်းလာများ အပြင် ထွက် သည့်အခါတိုင်း မဖြစ်မနေ နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာစေရေးအ တွက် BNU Family Grou မှ နှာခေါင်းစည်း Mask များ လိုက်လံပေးဝေခြင်းဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း နှာခေါင်းစည်း Maskတပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရော ဂါကြိုတင်ကာကွယ်နိုင်ရန် Maskများလိုက်လံပေးဝေလှုပ်ရှားခြင်းဖြစ်ကြောင်း၊နှာခေါင်း Mask အခုရေ( ၃၈၀၀)ခုဝေနိုင်ခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD