ဟိုပန် စက်တင်ဘာ ၁၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်းက အဖွင့် အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ ကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဦးမျိုးကျော်သူ (လက်ထောက် ညွှန်ကြားရေးမှူး)က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်း ပွားမှု/ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက်ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်း ခြင်း ဖြစ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်(၁၂)ချက်ရှိကြောင်း၊ စေ့စပ် ညှိနှိုင်း ပေးသူသည် သမာ သမတ်ကျပြီး ဘက်မလိုက်ရန်အထူးလိုအပ်ကြောင်း၊ နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲ မဲဆွယ် ကာလ နှင့် ရွေးကောက်ပွဲကာလတို့တွင် ပါတီတစ်ခုနှင့်တစ်ခုကြား ပြဿနာ တစ်စုံ တစ်ရာ မဖြစ်ပွား စေရေး အတွက်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ထို့အတူ ပြဿနာ တစ်စုံ တစ်ရာ ဖြစ်ပွား ပါကလည်း တိုင်ကြားသူနှင့်တိုင်ကြားခံရ သည့်ဘက်မှ စေ့စပ်ညှိနှိုင်း ပေးနိုင် ရေးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝင်များ၊ နိုင်ငံရေး ပါတီ(၆) ခုမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)