မိုင်းကိုင် စက်တင်ဘာ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ယနေ့ နေ့လည်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသ ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉လူနာအသစ်တွေ့ရှိမှု မြှင့်တက်လာခြင်း၊ မျိုးရိုးဗီဇပြောင်း SARS-Cov-2 Variant Omicron (အိုမီခရွန်) BA-4,BA-5 ရောဂါပိုးများလျင်မြန်စွာ ကူးစက်ပြန့်ပွားနေခြင်း၊ မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်မှုရာခိုင်နှုန်း ပြန်လည်မြှင့်တက်လာနေခြင်းတို့ကြောင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သတိပြုနေထိုင်သွားရန်၊ အသိပညာ ပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်သွားရန် အမှာစကားပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်းက ရောဂါကာကွယ်ဆေး ထိုးနှံ ပြီးစီးမှုအခြေအနေ၊ အသက် ၅နှစ်မှ ၁၂ ထိ ကလေးငယ်များ ကာကွယ် ဆေးထိုးနှံမှု၊ အသက် ၁၂ မှ ၁၈ အထိ ကာကွယ်ဆေးထိုးနှံပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးမည့်အခြေအနေတို့ကို ချပြဆွေးနွေးသဖြင့် တက်ရောက်လာသူများက အသီးသီး ပြန်လည်ဆွေးနွေးကာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်