ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ရွေ့လျားအသိပညာပေး

 

မိုင်းယောင်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် ရွေ့လျားအသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့က မုန်းလိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များတို့တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက Coronavirus Disease 2019(COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆုင်ရာရောဂါနှင့် ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်များကို အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းသင်ပေးခြင်း၊ ကလေးသူငယ်များအား ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လူအသွားအလာများသည့်နေရာတွင် အသိပညာပေး ပိုစတာ များ ကပ်ခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း(Mask)တပ်၍ သွားလာဆောင်ရွက်ရန်၊ မလိုအပ်ဘဲ ကလေးကို ခေါ်မသွားရန်၊ စသည့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား တိုက်တွန်းခြင်းတို့ကို အသိပညာပေး ဆောင်ရွက ်ခဲ့သည်။

ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွေ့လျား အသိပညာပေးခြင်း လုပ်ငန်း ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း နှင့် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း