လဲချားမြို့နယ်အမှတ်(၄)ရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ကွင်းဆင်းဆောင်ရွက်

လဲချား  စက်တင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၄)ရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၁)နာရီ အချိန်က  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ရဲထွန်းဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးတို့မှ အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စုလူဦးရေ စာရင်းများမှန်ကန်မှုရှိစေရန် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ လဲချားမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ဆောင်ရွက်ရာတွင် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့ ဆောင်ရွက်ခဲ့ပြီးကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)