တန့်ယန်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက မွေးကင်းစမှ အသက်(၂) နှစ် အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစကလေးမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ပိုလီယို၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှော ရောဂါ(ရိုတာ)၊ တီဘီကာကွယ်ဆေး(ဘီစီဂျီ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) စသည့် ဆေးများကို တိုက်ကျွေး/ထိုးနှံပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးနေပြီး စက်တင်ဘာ ၄ ရက်နေ့ထိ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)