တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး Mask များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

တွံတေး     စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက်  Mask တပ်ဆင်ခြင်း ဖြင့် ဈေးသွားဈေးလာ ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်ခြင်း အလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် Mask များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက လွတ်လပ်ရေး ကျောက်တိုင်မီးပွိုင့်လမ်းဆုံ၊ ဘုရင့်နောင် လမ်းဆုံနှင့် တွံတေး-ဒလ-လှိုင်သာယာလမ်းဆုံရာ ဘုရားငုတ္တိုလမ်းဆုံတို့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

Mask များဖြန့်ဝေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊  အမျိုး သမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး၊ ခရီးသွား ပြည်သူများ၊လမ်းသွားလမ်းလာများဈေးသွားဈေးလာ ၊ လူထူထပ်သည့်နေရာများတွင် Mask ယူဆောင်အသုံးပြု တပ်ဆင်ခြင်းအလေ့အထ ရှိစေရေး၊ လမ်းသွား၊ လမ်းလာ ပြည်သူများ Mask တပ်ဆင်ခြင်းမရှိသူများအား Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်း၊ ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများဖြင့် ပညာပေး  ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။

မျိုးလှိုင်(တွံတေး)