တံတားဦး စက်တင်ဘာ ၂
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်း အပတ်စဉ်သော ကြာနေ့များတွင် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် တောင်ရပ်တွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြသည်။ သွေးလွန် တုပ်ကွေးရောဂါ ကူးစက်မှုဟန့်တား နိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများအပါအဝင် ပိုးလောက်လန်း ရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေစေနိုင်သော အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များ အတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် Fever Surveillance ဆောင်ရွက်ခြင်းများ စရှိသောကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း တံတားဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်း အပတ်စဉ် သောကြာနေ့တွင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်း မာရေးဆရာမ ဒေါ်နွယ်နွယ်ဦး ကပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ကလေး/လူကြီးမရွေး ကျား/မရွေး ဖြစ်ပွားနိုင်ပါ ကြောင်း၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားနိုင်ရန် ပိုးလောက်လန်းဘဝမှာ နှိမ်နင်းခြင်းသည် ပိုပြီးလွယ်ကူပါကြောင်း ထိုရောဂါကိုကာကွယ်ရန် ခြင်ကိုက်မခံရအောင်နေထိုင်ခြင်း အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် တို့ကိုဝတ်ဆင်ခြင်း ပြည်သူများအနေဖြင့် အိပ်စက်အနားယူသည့်အချိန်တွင် ခြင်ထောင်ဖြင့် အိပ်စက် အနားယူသင့်ပါကြောင်း ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်များ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါမှ ကင်းဝေး မည်ဖြစ်ကြောင်းသိရသည်။
ရဲတင့်