ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ဆိပ်ကြီးခနောင်တို  စက်တင်ဘာ  

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ် နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ်   နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သဇင်ဦး က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ် အကြောင်း ရရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ အောင်ကိုဦး (UMK)ရေးသားသည့် “ကတိစကားလေးတစ်ခွန်းစာအုပ်ထဲမှလေ့အကျင့် ကောင်းကိုပျိုးထောင်ပါခေါင်းစဉ်ပါ အကြောင်းအရာဖြင့် Book Club အဖွဲ့ဝင် ဒေါ်ကြည်ကြည် က ဦးဆောင်ဖတ်ကြားဆွေးနွေးပြီး၊လက်ခံတတ်ဖို့တော့လိုပါတယ်ခေါင်းစဉ်ပါ အကြောင်းအရာကို Book Club အဖွဲ့ဝင် မဇာခြည်ကလည်းကောင်း၊ဘယ်သူကပိုပျော်ရွှင်လည်း ခေါင်းစဉ်ပါ အကြောင်းအရာကို စာကြည့်တိုက် လက်ထောက်() ဒေါ်မိုးမိုးဦးက လည်းကောင်း မိမိတို့ ဖတ်ရှု ထားသည့် ခေါင်းစဉ်အလိုက် အသီးသီး ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြပြီး၊ စာပေချစ် မြတ်နိုးသူလူငယ်များက စာပေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ Book Club အသင်းဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)