ညောင်ဦး စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ညောင်ဦးမြို့ပေါ်၊ ရပ်ကွက်များနှင့်ရုံးဌာနဆိုင်ရာများတွင် လူထုပါဝင်မှုဖြင့် နေအိမ်များတွင်သွေး လွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်းလိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ယနေ့နံနက် ၉ နာရီအချိန်က စုပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သွေလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန် းမာရေး ဒုတိယဌာနမှူး ဒေါက်တာ ရွှေစင်ထိုက်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းတို့ ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်ရှိနေအိမ်များ၊စာ သင်ကျောင်းများအတွင်း၊ ရုံးဌာနများတွင်ရှိသော ရေအုတ်ကန်၊ကျောက်စည်ပိုင်း၊ ရေလှောင်အုတ်ကန်ကြီးများ၊ ရေလှောင်စဉ့်အိုးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအားရှင်းလင်းစေခြင်း၊ ကျောင်းဝင်းနှင့်စာသင်ခန်းများအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံများ၊ ရေမြောင်းများ၊ မိုးရေဝင်ရောက်နေနိုင်သည့် အိုးများ၊အိုးပဲ့များ၊ တာ ယာအဟောင်းများ စသည့် ခြင်ပေါက်ပွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကိုစုပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ကိုကြေးမုံ